International News

International Horticultural Expo 2023 တွင် မြန်မာကုမ္ပဏီများ ပါဝင်ပြသနိုင်

Last Updated:

“International Horticultural Expo 2023” ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ သည်။ ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ “Green Dessert, Better Environment” ဖြစ်ပြီး ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဆိုင်ရာ အသိပညာ ဖြန့်ဝေရေးနှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် ခေါင်းစဉ်ကွဲများအလိုက် ကမ္ဘာ့နိုင်ငံများမှ ပါဝင်ပြသကြမည် ဖြစ်ပါသည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းဆောင် ပါဝင်ပြသသွားမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ထက် နောက်မကျစေဘဲ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ E-mail:[email protected] နှင့် ဖုန်း- ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

( TD- Myantrade )

Category: International News